Annual Beach Retreat – 2025

Future Vest Star Group မှ ဝန်ထမ်းများရဲ့ တစ်နှစ်တာကြိုးစားအားထုတ်မှုများအတွက် ဂုဏ်ပြုပေးခြင်းနှင့်အတူ Team Work culture အား ပိုမိုမြှင့်တင်ပေးစေလိုသော ရည်ရွယ်ချက်ဖြင့် “ Celebrating Teamwork and Togetherness “ Annual Beach Retreat 2025 ဖန်တီးပေးခဲ့ပြီး ပျော်ရွှင်စွာ ကျင်းပဖြစ်ခဲ့တဲ့ ပုံရိပ်လေးများကို ဝေမျှပေးလိုက်ပါတယ်နော် FVSGroup #AnnualRetreat
𝙈𝙔𝘼𝙉𝙒𝙀𝙉 𝘽𝙚𝙖𝙪𝙩𝙮 2025 – 𝙏𝙝𝙚 𝙈𝙎𝙈𝙀 𝙎𝙝𝙤𝙬𝙘𝙖𝙨𝙚

𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙒𝙤𝙢𝙚𝙣 𝙀𝙣𝙩𝙧𝙚𝙥𝙧𝙚𝙣𝙚𝙪𝙧𝙨 𝙉𝙚𝙩𝙬𝙤𝙧𝙠 (𝙈𝙔𝘼𝙉𝙒𝙀𝙉) နဲ့ 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝘾𝙤𝙨𝙢𝙚𝙩𝙞𝙘𝙨 𝘼𝙨𝙨𝙤𝙘𝙞𝙖𝙩𝙞𝙤𝙣 မှ ပူးပေါင်းစီစဉ်ထားသည့် မြန်မာနိုင်ငံရှိ 𝙈𝙎𝙈𝙀 များ၊ ဒီဇိုင်နာများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များ ဖန်တီးပေးမယ့် ထူးခြားဆန်းသစ်စွာဖြင့် ❞𝙈𝙔𝘼𝙉𝙒𝙀𝙉 𝘽𝙚𝙖𝙪𝙩𝙮 2025 – 𝙏𝙝𝙚 𝙈𝙎𝙈𝙀 𝙎𝙝𝙤𝙬𝙘𝙖𝙨𝙚❞ ကို FVS Group အနေဖြင့်ပါဝင်ဖြစ်ခဲ့တဲ့ပုံရိပ်လေးများကို ဝေမျှပေးလိုက်ပါတယ်နော် #𝙈𝙔𝘼𝙉𝙒𝙀𝙉𝘽𝙚𝙖𝙪𝙩𝙮2025 #FVSFinance#FVSCorporateInsurance #Loan#Insurance#FVS
Start with You, Shaping A Better Future Campaign with AYA SOMPO

AYA SOMPO Insurance မှ Partner များနှင့်အတူ Awei Pila ခရီးစဉ်တွင် ဆလုံလူမျိုးများနေထိုင်ရာ Moken Village သို့ သွားရောက်လည်ပတ်ခဲ့ပြီး ဆလုံရွာသားများရဲ့ ပညာရေးအထောက်အပံ့ ဖြစ်စေရန် Corporate Social Responsibility activities အဖြစ်ရည်ရွယ်၍ Start with You, Shaping A Better Future Campaign နှင့်အညီ လှူဒါန်းဖြစ်ခဲ့တဲ့ ပုံရိပ်လေးများကို မျှဝေလိုက်ပါတယ်… #AYASOMPOInsurance #StartWithYou #ShapingABetterFuture #fvsinsurance #CSR Kyunpila #YourPartnerForLife #corporateagent
Top Corporate Partner 2024 (AYA SOMPO)

FVS Corporate Insurance ရဲ့ ဖြတ်သန်းလာတဲ့ သက်တမ်းတလျှောက်မှာ လက်တွဲခဲ့တဲ့ အာမခံကုမ္ပဏီကြီးများရဲ့ အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ယူဝမ်းမြောက်ခြင်းဆိုတဲ့အရာတွေနဲ့ နှစ်တိုင်းအောင်မြင်စွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်… အခုဆိုရင်လည်း AYA SOMPO Insurance အာမခံရဲ့ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ “Partners’ Night” ပွဲမှာ FVS Corporate Insurance အနေနဲ့ Top Corporate Partner 2024 ကို ထပ်မံရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလို ဆုကို ရရှိခဲ့တယ်ဆိုတာကလည်း ဝန်ထမ်းတွေအားလုံးရဲ့ တက်ညီလက်ညီနဲ့ အကောင်းဆုံး ကြိုးစားမှုကြောင့်ဆိုတာ အသေချာပါပဲ။ နောင်လာမည့် နှစ်တိုင်းမှာလည်း အခုထက်ပိုကောင်းတဲ့ ရလဒ်တွေနဲ့ လူကြီးမင်းတို့အတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေကိုပေးသွားမယ်ဆိုတာ FVS Corporate Insurance မှကတိပြုလိုက်ရပါတယ်။“အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS” #FVSCorporateAgent#FVSInsurance#AYASOMPOInsurance#YourPartnerforLife#PartnersNight2025
FVS Group မှ Diamond Sponsor အဖြစ် ပါဝင်ခဲ့တဲ့ 16th Myanmar Biggest Property & Car Expo

FVS Group အနေနဲ့ Diamond Sponsor အဖြစ် ပါဝင်ခဲ့တဲ့ 16th Myanmar Biggest Property & Car Expo ပွဲကြီးကတော့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ ဒီပွဲကြီးပြီးမြောက်ဖို့ အဘက်ဘက်ကနေ ကူညီပံ့ပိုးပေးခဲ့ကြသူတွေနဲ့ ပွဲရက်တွေမှာ အတူတကွ ပါဝင်တက်ရောက်ပေးကြတဲ့သူတွေ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက်ပါရစေ။ “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”
FVS Group ၏ ရေဘေးအလှူ

တားဆီးလို့ မရသလို ကြိုတင်ခန့်မှန်းလို့လည်း မရတဲ့ သဘာဝရေဘေးအန္တရာယ်ကြောင့် လူပေါင်းများစွာ ဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို ဘေးအန္တရာယ်တွေကြောင့် အကူအညီ လိုအပ်နေတဲ့ တောင်ငူမြို့နဲ့ ဆွာမြို့တို့ကို မိတ်ဆွေတွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ FVS Corporate Insurance ကနေ သိန်းပေါင်း (၁၀၀၀) ခန့်၊ စခန်း (၁၀) ခုကို သွားရောက်ပြီး စုပေါင်းအလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ✨ အလှူလေးဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးကြသူများကို ကျေးဇူးတင်ရှိရင်း အမှတ်တရ ပုံရိပ်လေးတစ်ချို့နဲ့အတူ သာဓုခေါ်စေနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါရစေ။ 🫶 “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”
