AtoZ Holdings Co., Ltd အား AYA SOMPO မှ အာမခံလျော်ကြေးငွေပေးအပ်ခြင်း

Royal AtoZ Holdings Co., Ltd (တောင်ငူရုံးခွဲ) ရဲ့ ရာဂီမုန်တိုင်းကြောင့် မမျှော်လင့်ထားတဲ့ဆုံးရှုံးမှုတွေအတွက် FVS Corporate Insurance ကနေ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးခဲ့ပါတယ်။ ယနေ့မှာတော့ အာမခံထားရှိထားတဲ့ AYA SOMPO Insurance Co., Ltd မှ Royal AtoZ Holdings Co., Ltd သို့ အာမခံလျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ တက်ရောက်ပြီး လျော်ကြေးငွေအား လက်ခံရယူခဲ့ပါတယ်။ အခုလို ယုံကြည်စွာ FVS Corporate Insurance နဲ့အတူ အစဥ်တစိုက် အာမခံထားရှိခဲ့တဲ့ Royal AtoZ Holdings Co., Ltd ကိုသာမက Partner ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအာမခံ ကုမ္ပဏီ AYA SOMPO Insurance Co., Ltd ကိုပါ ကျေးဇူးအထူးတင်ရှိပါတယ်။ “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS” #FVSCorporateAgent #FVSInsurance #Insurance

ငွေသားကိုင်ဖို့မလိုတဲ့ Payment

နောင်ရေးမှာ စိတ်အေးချမ်းရစေဖို့ FVS Corporate Insurance နဲ့အတူ အာမခံဝယ်ယူထားရှိထားတဲ့ Customer တိုင်းအတွက် လွယ်ကူမြန်ဆန်တဲ့ Payment တွေနဲ့ အာမခံငွေ သွင်းလို့ရနေပါပြီ။ 🥳 ငွေသားကိုင်ဆောင်စရာမလိုဘဲ Banking သာ အသုံးပြုလိုတဲ့ Customer တွေအနေနဲ့ AYA Bank, KBZ Bank, CB Bank, uab Bank, A Bank, MAB Bank နဲ့ Yoma Bank Account တွေရှိရုံနဲ့ လွယ်ကူစွာ အဆင်ပြေပြေ ငွေသွင်းလို့ရနေပြီဆိုတော့ နောင်ရေးအတွက် အခုပဲ FVS Corporate Insurance နဲ့အတူ အာမခံ ထားရှိလိုက်တော့နော်။ 🫶 “အာမခံကိစ္စရပ်တိုင်းမှာ သင့်နှင့်အတူရှိနေမယ့် FVS”

Marine အာမခံ

နွေရာသီဟာ ပူပေမယ့် ကုန်သွယ်ရေး လုပ်ငန်းတွေအတွက်တော့ အဆင်ပြေဆုံး ရာသီတစ်ခုပါပဲ 🏗️ စီးပွားရေး လုပ်လို့ကောင်းတဲ့ ဒီရာသီမှာ ကုန်ပစ္စည်းတွေကို စိတ်ချလက်ချ ကုန်သွယ်နိုင်ဖို့ Marine အာမခံကိုသာ ရွေးချယ်ဝယ်ယူလိုက်ပါ 🛳️ ကုန်ပစ္စည်းတွေအတွက် Marine အာမခံကနေ ပြည်တွင်း၊ ပြည်ပ ပင်လယ်ရေကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတွေကနေ ဆုံးရှုံးထိခိုက်သွားတာမျိုး မဖြစ်ရလေအောင် ကာကွယ်ပေးမယ့် အကျိုးခံစားခွင့်တွေကို ရရှိမှာပဲဖြစ်ပါတယ် 📦 မီးလောင်၊ ပေါက်ကွဲတာ၊ ဆိပ်ကမ်း အတင်၊ အချလုပ်တာ၊ သောင်တင်တာ၊ နစ်မြုပ်တာ၊ တိမ်းမှောက်တာတွေအပြင် အခြားသော မျှော်လင့်မထားတဲ့ မတော်တဆမှုတွေအတွက်လည်း Marine အာမခံက အကာအကွယ်ပေးမှာမို့ ကုန်သွယ်ရေးမှာ မခက်ခဲစေဖို့ FVS နဲ့အတူ အာမခံထားရှိစို့ 😚 “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”

Personal Accident အာမခံ

ကိုယ်ကတော့ ပုံမှန်အတိုင်း အသွားအလာလုပ်နေပေမယ့် မမြင်ရတဲ့ အန္တရာယ်တွေ ကြုံတွေ့လာတဲ့အခါ ကိုယ်လက်အင်္ဂါထိခိုက်တာမျိုးတွေ ဖြစ်လာပါက ကိုယ့်ကိုယ်ကို အကာအကွယ်အပြည့် ရနိုင်ဖို့ Personal Accident အာမခံ ထားရှိဖို့တော့ လိုပြီနော် 🙋 Personal Accident Insurance ထားရှိထားမယ်ဆိုရင် ကိုယ်လက်အင်္ဂါထိခိုက်ပြီး ထာဝရမသန်စွမ်းဖြစ်သွားတာမျိုး၊ ဆေးရုံတက်ရပြီး အလုပ်မလုပ်နိုင်တဲ့ အချိန်မျိုးတွေမှာ ငွေကြေးအတွက် စိုးရိမ်စရာမလိုတော့ပါဘူး 🙅 ဘယ်သူကမှ မဖြစ်ချင်တဲ့ Accident မျိုးအတွက် ကြိုတင်ပြင်ဆင်ထားတာဟာ အကောင်းဆုံး အရာပဲမို့ ကိုယ့်ကိုယ်ကို အပြည့်အဝ အကာအကွယ်ပေးနိုင်ဖို့ FVS ကိုသာ ရွေးချယ်လိုက်ပါ ✨ “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”

IAR အာမခံ

လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ လေ့လာသင်ယူရမယ့် အရာတွေအတွက်လည်း အချိန်ပေးရသလို လုပ်ငန်းတိုးတက်ဖို့ကိုလည်း အပင်ပန်းခံပြီး ကြိုးစားကြရပါတယ် 👨‍💼 ဒီလို ကိုယ့်လုပ်ငန်းကို ဘာအကြောင်းကြောင့်မှ ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ စက်မှုလုပ်ငန်းအလုံးစုံအာမခံ (IAR) ကို FVS မှာ ထားရှိလိုက်ဖို့ မမေ့ပါနဲ့နော် 🙋‍♀️ စက်မှုလုပ်ငန်းအလုံးစုံအာမခံ (IAR) ဆိုတာက ပေါ့ဆမီး၊ မိုးကြိုးပစ်လို့ လောင်တဲ့ မီး၊ အိမ်သုံးဓာတ်ငွေ့ မီးလောင်ပေါက်ကွဲတာတွေကို အကာအကွယ်ပေးနိုင်တဲ့ မီးအာမခံ၊ လေပြင်းမုန်တိုင်း တိုက်ခတ်တာ၊ မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ ရေကြီး၊ ရေလျှံတာ စတဲ့ သဘာဝ ပတ်ဝန်းကျင်ကြောင့် ထိခိုက်နစ်နာမှုတွေကိုပါ အကာအကွယ်ပေးတဲ့ အာမခံပဲဖြစ်ပါတယ် 🛡️ ပင်ပန်းခဲ့သမျှ အရာထင်နိုင်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုကို ဖြစ်စေဖို့ FVS နဲ့အတူ IAR အာမခံကို ရွေးချယ်စို့ 🏭 “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”

Motor အာမခံ

တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးထဲမှာ EV ကားလည်း စီးချင်တယ် 🚘အကာအကွယ်ယူလို့ မရမှာလည်း ကြောက်တယ်ဆိုတဲ့ သူတွေ ရှိကြလား❓ နတ်မလိုက်နိုင်တဲ့ လူ့အလိုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ FVS မှာ EV ကားတွေလည်း အာမခံ ထားရှိလို့ ရနေပြီနော် 👀 ခေတ်လည်း မီစေရမယ်။ အကာအကွယ်လည်း ရစေရမယ့် FVS ရှိနေပြီမို့ EV ကား ဝယ်ထားလည်း အေးဆေးမောင်းနှင်လို့ ရပြီပေါ့ 😎 “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”

အာမခံလျော်ကြေးငွေတောင်းဆိုမှု

ကိုယ့်ရဲ့ နောင်လာမယ့် နေ့ရက်တွေကို လုံခြုံစိတ်ချစွာ ဖြတ်သန်းပြီး သာယာပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ဖို့ အာမခံထားလေ့ရှိပေမယ့် မှန်းဆထားလို့ မရတဲ့ အခက်အခဲတွေ ကြုံလာတဲ့အခါ အာမခံလျော်ကြေးငွေကို ဘယ်လိုမျိုး ပြန်လည်တောင်းခံနိုင်မလဲဆိုတာ မသိသေးတဲ့သူတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုအပ်လဲဆိုတာကတော့… 👀 ပထမဦးဆုံးအနေနဲ့ ကိုယ်လျော်ကြေးတောင်းခံမယ့် အာမခံအမျိုးအစားပေါ်လိုက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြည့်ပြည့်စုံစုံ ဖြည့်သွင်းထားဖို့ လိုအပ်ပါတယ်။ 📄 ဒုတိယအချက်ကတော့ စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး အထောက်အထားပြဖို့ လိုအပ်သလို လျော်ကြေးတောင်းခံမယ့် စာရွက်စာပေါ်မှာ လက်မှတ်ထိုးဖို့လည်း လိုအပ်ပါသေးတယ်။ ✨ နောက်ဆုံးတစ်ချက်အနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အာမခံအမျိုးအစားအလိုက် လျော်ကြေးငွေ တောင်းခံနိုင်တဲ့ ပမာဏနဲ့ တောင်းခံခွင့်ရနိုင်မယ့် အချိန်ကာလကိုလည်း ပြန်လည် စစ်ဆေးပေးဖို့ မမေ့ပါနဲ့နော်။ 🙋‍♀️ အာမခံလျော်ကြေးငွေတောင်းဆိုမှုနဲ့ပတ်သက်ပြီး သိပြီးပြီမို့ အာမခံထားရှိဖို့ လိုအပ်နေပြီလို့ ခံစားနေရပြီဆိုရင်တော့ FVS Corporate Insurance ကိုသာ ချက်ချင်းဆက်သွယ်ဖို့လုပ်လိုက်ပါ။ 📞 “အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”

Universal Life Insurance

လူတိုင်း၊ လူတိုင်းဟာဆိုရင် ကိုယ့်အနာဂတ်ပန်းတိုင်ကို ရောက်ဖို့ ကိုယ် ကိုယ်တိုင် လျှောက်လှမ်းရတာ ဖြစ်သလို ကိုယ့်အသက်ကိုလည်း ကိုယ် ကိုယ်တိုင်ကပဲ ကာကွယ်ရတာပါ 🥺ကိုယ်တိုင် ကာကွယ်ရတဲ့ ကိုယ့်အသက်ကို ဘဝတစ်သက်တာလုံး လုံခြုံစိတ်ချရတာမျိုးမှ လိုချင်တယ်ဆိုရင်တော့ FVS နဲ့အတူ Universal Life အာမခံကို ခပ်သွက်သွက်လေး ဝယ်ယူထားရှိလိုက်တော့နော် 🏃ပြောင်းလဲနေတဲ့ လူနေမှုဘဝပေါ်လိုက်ပြီး လိုက်လျောညီထွေမှု ရှိတဲ့ အပြောင်းအလဲတွေပါ လုပ်ဆောင်လို့ ရသေးတာမို့ နှစ်ဘယ်လောက်ကြာကြာ အကျိုးခံစားခွင့်တွေ များစွာ ရရှိစေမယ့် Universal Life အာမခံကို FVS နဲ့အတူ ရွေးချယ်ရင်း တစ်ဘဝလုံးစာ အကာအကွယ်ပေးလိုက်ပါ 🤩“အာမခံကိစ္စရပ်တိုင်းမှာ သင်နဲ့အတူရှိနေမယ့် FVS”